

ဒေသအချင်းချင်းချိတ်ဆက်မှုများ
ရွှေယမင်းဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံမှ ကလေးသူငယ်များကို အကူအညီများစီစဉ်ပေးရာတွင် ကူညီရေးအဖွဲ့အစည်းကြီးများနှင့်ချိတ်ဆက်ကာ မြင့်မားသည့်အတွေ့အကြုံနှင့်ဗဟုသုတများကို အကူအညီရယူအသုံးချမည်ဖြစ်ပါသည်။ ရွှေယမင်းဖောင်ဒေးရှင်း၏ ဒေသတွင်းမိတ်ဖက်အဖွဲ့အစည်းတစ်ခုချင်းစီတွင်လည်း ရွှေယမင်းဖောင်ဒေးရှင်းအနေဖြင့်မှီခိုအားထားနိုင်သည့် ကလေးသူငယ်များအားအရေးပေါ်ကူညီရေးဆိုင်ရာစီမံခန့်ခွဲမှု၊ မြို့ပြဆင်းရဲမွဲတွေမှု၊ ပညာရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ ကျန်းမာရေးနှင့် ကလေးငယ်များတိုးတက်ရေး၊ တွေမှာ အထူးမြင့်မားသည့်အတွေ့အကြုံနှင့်ဗဟုသုတများရှိကြပါသည်။

The Hub သည် လူမျိုးဘာသာ၊ယောင်္ကျားမိန်းမ၊ ခွဲခြားမှုမရှိဘဲ၊ လိုအပ်ချက်အများဆုံးလူများကို ပညာရေးနှင့်ပတ်သက်သည့်ထောက်ပံ့မှုများ၊ စွမ်းရည်ဖြည့်အထူးသင်တန်းများ၊ မိသားစုအကြံပေးခြင်း၊ လူမှုကျန်းမာရေးနှင့် ချမ်းသာသုခများကိုစီစဉ်ဆောင်ရွက်ပေးနေသည့် ကလေးသူငယ်များ ထောက်ပံ့ကူညီရေးစင်တာတစ်ခုဖြစ်ပါသည်။


ကလေးသူငယ်စောင့်ရှောက်ရေးလမ်းစဉ်သည် အမျိုးမျိုးသောအစိုးရအဖွဲ့အစည်းများ၊ NGO စတော့ရှယ်ယာရှင်များနှင့်အတူ United Nations ရဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာလုပ်ရိုးလုပ်စဉ်များနှင့်အညီ ကလေးတိုင်း၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ဖို့အလုပ်လုပ်ရခြင်းဖြစ်ပြီး အသက် ၁၈ နှစ်အောက်ကလေးသူငယ်တိုင်းအတွက် နိုင်ငံနှင့်အဝှမ်းတွင် “ကူညီပါရစေ” ဆိုသည့်ဖုန်းလိုင်းဖြင့် ၂၄ နာရီ ဝန်ဆောင်မှုပေးရခြင်းလဲဖြစ်ပါသည်။
အဆိုပါ ဖုန်းလိုင်းသည် ကလေးများအတွက် စိတ်ခံစားချက်နှင့်ပတ်သက်သည့် ထောက်ပံ့မှု၊ လမ်းညွှန်ပေးမှု၊ နှစ်သိမ့်မှု နှင့် အကူအညီများကို လိုအပ်သလို စီစဉ်ဆောက်ရွက်ပေးလျှက်ရှိပါသည်။ အဆိုပါ ဝန်ဆောင်မှုကို ၂၀၁၁ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး Hub Saidek မှတဆင့် ကလေးငယ်များလိုအပ်နေသည့် ကယ်ဆယ်မှု၊ ဘေးအန္တရာယ်ကင်းရှင်းမှု နှင့်ကူညီထောက်ပံ့မှုများကို ချက်ချင်းဝန်ဆောင်မှုများပေးနိုင်ရန်လဲ စီစဉ်ပေးလျှက်ရှိပါသည်။
Childline Thailand Foundation
http://childlinethailand.org

Pomprab မြို့လယ်တွင်တည်ရှိသည့်အတွက် the Hub သည် ကလေးငယ်များနှင့် ဆယ်ကျော်သက်လေးများအတွက် လုံခြုံမှုရှိပြီး ပျော်ရွှင်စရာကောင်းသည့် နေရာတစ်ခုဖြစ်သည်။
ယူနီဆဖ်၏ ခန့်မှန်းချက်အရ မူလတန်းပညာသင်ယူရမည့်အရွယ် ကလေးငယ်ပေါင်း ၉၀၀၀၀၀ ကျော်ဟာ သူတို့အသက်နှင့်သင့်လျော်သည့်ကျောင်းတွေမှာ အပ်နှံထားခြင်းမရှိသလို၊ ကျောင်းတွေထဲမှာလဲရှိမနေကြဘူးလို့သိရပြီး ပညာဆက်လက်မသင်ယူကြတဲ့ အလယ်တန်းကျောင်းသားအရွယ်ကလေးငယ်တွေကပိုလို့ပင်များနေသေးကြောင်းလဲသိရပါသည်။
ပါဝင်သော ဝန်ဆောင်မှုများ
အခြေခံကျန်းမာရေးနှင့် လူမှုဘဝဖူလုံရေး
နေ့စဉ်အစားသောက်များ
အထူးလေ့ကျင့်ထားသည့်အထောက်အပံ့ဖြစ်စေမည့် တစ်ခြားအဖွဲ့အစည်းများထံ လွှဲပြောင်းပေးခြင်း
ကျန်းမာရေးစစ်ဆေးမှုများနှင့် ကာကွယ်ဆေးထိုးပေးခြင်းများ
အပန်းဖြေစရာ
အသင်းအဖွဲ့အခြေပြုလှုပ်ရှားမှုများ
ပညာပေးကစားစရာအရုပ်များနှင့် ကွန်ပျူတာများ
ယဉ်ကျေးမှုနှင့်ဘာသာရေးဆိုင်ရာ လေ့လာရေးခရီးစဉ်များ
လူမျိုးဘာသာပေါင်းစုံနှင့်စိတ်ပိုင်းဆိုင်ရာ အသိပညာပေးမှုများ

The Hub Saidek, Bangkok
http://childlinethailand.org
နှစ်စဉ်နှစ်တိုင်း ကမ္ဘာတစ်လွှားမှ သန်း ၂၀ ကျော်သောကလေးငယ်တွေဟာ အကူညီရဖို့အော်ဟစ်အကူအညီတောင်းခံနေကြပါတယ်။ ၂၀၀၃ ခုနှစ်၊ နိုင်ငံတကာကလေးသူငယ် ကူညီရေး ရံပုံငွေပွဲမတိုင်ခင်အထိ ဒီအဖွဲ့အစည်းတွေဟာ တသီးပုဂ္ဂလအနေနဲ့ သူတို့လုပ်စရာရှိတာကို အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ကြပြီး တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဆက်စပ်မှုမရှိခဲ့ကြပါဘူး။ ယနေ့ခေတ်မှာတော့ နေ့စဉ်ရက်ဆက်ဆိုသလို ကျွန်ုပ်တို့အသင်းအဖွဲ့တွေအနေနဲ့ အတူတကွပူးပေါင်းပြီး ကလေးတွေရဲ့ အသံတွေကို မူဝါဒချမှတ်သူတွေနှင့် သြဇာအာဏာရှိသူတွေ ထံရောက်အောင် ဆောင်ရွက်နေကြပါပြီ။ နောက်ပြီး ဒီကလေးငယ်တွေရဲ့ အသံတွေကို ကမ္ဘာကနားထောင်နိုင်အောင်လဲ သေချာလုပ်ဆောင်နေကြပါတယ်။ နားထောင်သူတွေ၊ အသင်းဝင်တွေရဲ့ စကားသံတွေကိုကျွန်ုပ်တို့အနေနဲ့ နားထောင်ပြီး တစ်ယောက်နဲ့ တစ်ယောက် ကူညီနိုင်အောင် ဆောင်ရွက်ပေးနေပါတယ်။

Child Helpline International
www.childhelplineinternational.org



ဤမှတ်ပုံတင်ထားသည့် ပရဟိတအသင်းအဖွဲ့ကို ၁၉၈၆ ခုနှစ်ကတည်းက လူမှုရေး၊ ပညာရေးစသည်အားနည်းချို့ငဲ့နေသောသူများကို ကျောသား၊ရင်သားမခွဲခြားပဲ အားပေးထောက်ပံ့ရန်တည်ထောင်ထားခြင်းဖြစ်ပါသည်။ ဤဖောင်ဒေးရှင်းသည် သြစတေးလျလူ့အဖွဲ့အစည်းထံ လူမှုကျန်းမာရေး၊ ချမ်းသာသုခ၊ အစားအသောက်နှင့် ဘေးကျပ်နံကျပ်ဖြစ်နေသည့်ကာလတွင်ကြားဝင်ဆောင်ရွက်ရေးစသည့် နည်းလမ်းများဖြင့် ပူးပေါင်းဆောင်ရွက်ရန် အဓိက ဦးတည်ပါသည်။
Exodus Foundation (Australia)
www.exodusfoundation.org.au

